|
၁။ ဖိုရမ်တွင် နိုင်ငံရေးနှင့် သက်ဆိုင်သော နာမည်များအသုံးပြုခြင်း ၊ Avator ၊ Signature ၊ရုပ်ပြောင်ကာတွန်းများ၊ သီချင်းများ၊ ကဗျာများ ၊ ရုပ်ရှင်များ ၊ ဗွီဒီယိုများ စည်းရုံးမှုများ ၊ ဝါဒဖြန့်မှုများကို ပြင်းထန်စွာတားမြစ်သည်။
၂။ ဖိုရမ်တွင် အဖွဲ့အစည်းတစ်ခုခု(အထူးသဖြင့် နိုင်ငံရေး ၊ ဘာသာရေး တို့ နှင့် ဆက်နွယ်သောအဖွဲ့အ စည်းများ)မှလာရောက်ကြေညာချက်ထုတ်ပြန်ခြင်း ၊ စည်းရုံးလှုံ့ဆော်ခြင်း ၊ စသည်တို့အား တွေ့ရှိ ပါက ၄င်းပို့စ် အားဖျက်သိမ်းသွားမည်ဖြစ်ပြီး အသင်းဝင်အဖြစ်မှ ပယ်ဖျက် မည့်အပြင် လိုအပ်ပါက ထိုအသင်းဝင်၏ IP Address အားလည်း ကန့်သတ်သွားမည်။
၃။ ဖိုရမ်တွင် အသင်းဝင်များအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် သွေးထိုးစကားများ ပြောခြင်းကို တားမြစ်သည်။
၎။ ဖိုရမ်တွင် ပို့စ်များတင်ရာ၌ အခြားသော ဖိုရမ်များ ၊ ဝက်ဆိုက်ဒ်များမှ တိုက်ရိုက်ကူးယူ၍ တင်ခြင်းကို တားမြစ်သည်။ဦးစွာ download လုပ်၍ မိမိဘာသာ upload ပြန်တင်ထားသော လင့်ခ်များကိုသာ တင်ကြပါရန်။
၅။ ဖိုရမ်တွင် ဘာသာရေးနှင့် ပတ်သတ်သော စည်းရုံးလှုံ့ဆော်မှုများကို တားမြစ်သည်။သို့သော် အသင်းဝင်များအချင်းချင်း လွတ်လပ်ငြိမ်းချမ်းစွာ ဆွေးနွေးခြင်းကိုသာ ခွင့်ပြုသည်။ ၆။ ဖိုရမ်တွင် အသင်းဝင်များအချင်းချင်း ရိုင်းပြသောစကားများ ၊ ဆဲရေးတိုင်းထွာခြင်းများကို တားမြစ်သည်။ပြဿနာဖြစ်လာခဲ့ပါလျှင် အုပ်ချုပ်သူများထံအကြောင်းကြား၍ အေးချမ်းစွာဖြေရှင်းကြပါရန်။ညစ်ညမ်း စာသားများ၊ ညစ်ညမ်း ရုပ်ပုံများ၊ ညစ်ညမ်း ရုပ်ရှင်များ ၊ညစ်ညမ်း သီချင်းများ၊ ညစ်ညမ်းဝဘ်ဆိုက် လိပ်စာများ တို့အားလည်း လုံးဝ(လုံးဝ) ရေးသားခြင်း ၊ ပို့စ်လုပ်ခြင်း မပြုရ။
၇။ ဖိုရမ်အသင်းဝင်များ အချင်းချင်း ညီအစ်ကိုမောင်နှမသဖွယ် ဆက်ဆံပြီး အသင်းဝင်များ အခက်အခဲဖြစ်ခဲ့ လျင် ဘယ်သူဘယ်ဝါ မခွဲခြားဘဲ အားတက်သရော ၀ိုင်းဝန်းကူညီကြပါရန်။
၈။ အလင်းရောင်ဖိုရမ်သည် နည်းပညာပိုင်းဆိုင်ရာပြန့်ပွား တိုးတက်ရေးကို ဦီးတည်သည်ဖြစ်၍ အသင်းဝင်များမှ လူငယ်သဘာဝ ပြောကြား လိုသည်များ ရှိခဲ့လျင် Private System များဖြင့်သာ ပြောကြားပါရန်။
၉။ ဖိုရမ်တွင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ခုခု၏ဂုဏ်သိက္ခာကို ထိပါးစေသော စာသားများ ၊ ပို့စ်များ ၊ ဆွေးနွေးမှုများ၊ ဝေဖန်ချက်များ ကို လုံးဝ ရေးသားခွင့်မပြု။
၁၀။ အလင်းရောင်ဖိုရမ်ရှိ နည်းပညာပိုင်းဆိုင်ရာများကို အခကြေးငွေဖြင့် ရောင်းချခြင်းမဟုတ်၍ အမှားအယွင်းများ၊ လိုအပ်ချက်များ ရှိခဲ့လျင် အေးချမ်းစွာ ဖြေရှင်းကြပါရန်။
၁၁။ ဤဖိုရမ်၏စည်းကမ်းများ၊ လုပ်ဆောင်ချက်များအား သဘောတူညီမှုမရှိခြင်း၊ကျေနပ်မှုမရှိခြင်းတစ်စုံတစ်ရာ ဖြစ်ပွားပါက ဖိုရမ်အုပ်ချုပ်သူများထံသို့ PM(Private Message) ဖြင့်သော်လည်းကောင်း ၊အီးမေးလ်ဖြင့်သော်လည်း ကောင်း ဆက်သွယ်ဆောင်ရွက်သွားရန်။
၁၂။ အထက်ပါစည်းကမ်းချက်များကို အသင်းဝင်များအားလုံးသိရှိလိုက်နာကြရန်အတွက် မှတ်ပုံတင်ပြီးသူများအားလုံး ဂရုတစိုက် ဖတ်ရှုကြပါရန် မေတ္တာရပ်ခံပါသည်။
_________________
BBCode အသုံးပြုပုံများ ရှိပါတယ်။
|